myanmar astrology

About me

ကျွန်တော် က ကွန်ပျူတာ ပရိုဂရပ် ရေးတာ ၀ါသနာပါတော့ လိုက်ရင်းဖြစ်ရင်းနဲ့ နက္ခဗေဒင် အကြောင်းတွေကိ ရေးဖြစ်လာတာပါ

ကျွန်တော်ရဲ့ အမည် ရင်းက လဲ ဦးမောင်မောင်မြင့်ပါ ၊ မွေးရက် က ၇ ရက် ၇ လ ၁၉၆၀ ခုနှစ်ပါ မွေးချိန်က ၂၀ နာရီ ၊ ကမ္ဘာအေး၊ ၈ ရပ်ကွက် မှာ မွေးပါတယ် ၊ ညီအကို ၃ ယောက် ရှိပြီး အငယ်ဆုံးပါ ၊ ၁၉၇၇ ခုနှစ်မှာ မြန်မာ့အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်းက ဖွင့်ခဲ့တဲ့  Technical Training School ( TTS အမှတ်စဉ် ၁၉/၇၇) မှာတက်ခဲ့ ပြီး အဆင့် ၁   နှင့်အောင်မြင်ခဲ့ပါတယ် ( သူငယ်ချင်းတွေကို ပြန်သတိရနေတုန်းပါ သိရင် မေးနဲ့ဆက်သွယ်ပါ ) မြန်မာ့အကြီးစားစက်မှုလုပ်ငန်း Design Department မှာ လုပ်ခဲ့ပြီး Programming ကို စာတွေ့အနေနဲ့ ၁၉၈၇ မှာလေ့လာဖြစ် ခဲ့ပါတယ်၊ သင်တန်းတော့ မတက်ဖြစ်ခဲ့ပါ ကွန်ပျူတာဆိုတာဘာမှန်မသိသေးကြတဲ့အချိန်ပေါ့၊၁၉၉၅ မှ ဆရာ ဦးဇော်ဝင်းလွင် ရဲ့ ကူညီခေါ်ဆောင်မှုကြောင့် ကွန်ပျူတာခန်းမှာ ရောက်ပြီး စာအုပ်ဖတ် လက်တွေ့လုပ် ဖြစ်ခဲ့ပါတယ်၊  ( ဆရာကိုကျေးဇူးတင်ပါတယ် ) ဆင်းရဲသား ၀ိတ်မရှိသူ တယောက် အနေနဲ့ ကွန်ပျူတာခန်းကို ရောက်ဖို့ဆိုတာ ၀န်ထမ်းလောကမှ မလွယ်ခဲ့ပါ ၊
 အခြေခံ အထက်တန်းကို ၁၉၈၃ ခုနှစ်မှာ အပြင်ဖြေနှင့် မြောက်ဥက္ကလာစာစစ်ဌာနက သင်္ချာဂုဏ်ထူး တစ်ဘာသာ နဲ့ အောင် မြင်ခဲ့ပါတယ် ၁၉၈၈ ခုနှစ်မှာ ရူပဗေဒ နဲ့ ဘွဲ့ရခဲ့ပါတယ် ၊ ၁၉၈၃ မှာပဲ E.T.E.C ကိုတက်ရောက်ခွင်ရခဲ့တယ် ( Mechanical ) ပါ ဒီဟာကို အောင်မြင်တာ အရမ်းဝမ်းသာခဲ့တယ် အောင်မြင်ဖို့တင်မက ၀င်ခွင်ကိုလဲ ခက်ခက် ခဲခဲ ကြိုးစားရတာပါ ၊ လူ ၂၀၀ လောက်မှ ၃၀ ဆယ် ၄၀ လောက် ဇကာတင်ရွေးပြီးမှ တက်ရလို့ပါ၊ Astrology နဲ့ပါတ်သက်တဲ့ဘွဲ့ကိုတော့ ရထားပေမဲ့ ဂုဏ်မယူခြင်ပါဘူး

 နက္ခတ် ဗေဒင် Program တွေကိုရေးနေပါတယ်၊ လိုချင်ရင် ဆက်သွယ်ဝယ်နိုင်ပါတယ်၊ ဇာတာ ဖွဲ့ပေး တဲ့ အလုပ်ကိုလဲ လုပ်ပေးနိုင်ပါတယ် မြန်မာဇာတာ ၊ ကေပီဇာတာ တွေပါ။
Make a Free Website with Yola.