Myanmar Astrology

ခရစ်ပက္ခဒိန်မှ မြန်မာပက္ခဒိန် သို့ ပြောင်းလဲခြင်း BV 6 programming code.

ရှင်းပြပေးပါမယ်

၁၆ ရက်ဇွန်မှ ၃၀ ရက်အတွင်း အဟောလေး တွေတင်ပေး လိုက်ပါပြီ

အခု အချိန်အခါမှာ အခက်အခဲလေးတွေအားလုံး ကြုံနေမဲ့ကာလပါ န၀င်းစက်မှာ ရှိနေတဲ့ ဂြိုဟ်တွေက အားနည်းနေတော့ အခုအခါ အများစု အခက်အခဲတွေ့နေတတ်တဲ့ကာလပါ၊

မိဿလဂ်အဟော
အစိုးရလုပ်ငန်းလုပ်ကိုင်သူများ သတိထားပါ အထက်လူကြီး ၏ဆူပူမှုကိုခံရနိုင်သည်။ အဆုံးအဖြတ်မှားတတ် သည်သတိထားလုပ်ကိုင်ပါ။ ရှေ့ပိုင်းဆုံးဖြတ်ချက်ကို အဓိကထားပါ။ ငွေကြေးဝင်ခြင်း များဆိုင်းငံနေမည်၊ စိတ်ရှည်ပါ ။ ပညာရေးပိုင်းသင့်သောအချိန်ဖြစ်သည်
အချစ်ရေး အဆင်ပြေမှုအားနည်းသွားသည်၊ အိမ်ထောင်ရေးမှာ စိတ်ကောက်မူရှိနေပါအုံးမယ်။
ယတြာအနေနှင့် သောကြ်ာထောင့်တွင် ရေလှူဒါန်းပေးပါ။

ပြိဿလဂ်အဟော
အခုလဲ အလွယ်တကူငွေဝင်မယ်၊ ပြဿနာလေးတွေ လဲကြုံရမယ် ၊ ကိုယ်ရဲ့အမှားကြောင့် ငွေကြေး လျော်ရ တာမျိုးရှိတတ်ပါမယ်။ လုပ်ဖေါ်ကိုဖက်ကြောင့် ဂုဏ်သိက္ခာ ကျဆင်းတတ်သည်။
အချစ်ရေးပိုင်းကောင်းနေဆဲပါ။ အိမ်ထောင်ရေးကတော့ အိမ်ထောင်ဖက် ကြောင့်စိတ်ညစ်စရာ လေးတွေ ကြုံရမယ် ယတြာအနေဖြင့် စနေထောင့်တွင် နှင်းဆီပန်းကိုလှူဒါန်းပေးပါ။

မေထုန်လဂ်အဟော
အလုပ်အကိုင်ကောင်း နေဆဲဖြစ်သော အချိန်ပါ ကျန်းမာရေး အနည်းငယ်ညံ့တတ်သော်လည်း ပြဿနာမရှိပါ အပရိက ဖြစ်ပါသည်၊ ငွေကြေးအလွယ်တကူ ရမည်။ မိခင်၏ ကျန်းမာရေးကိုသတိထားပေးပါ၊ အချစ်ရေးနှင့် ပါတ်သက်ပြီး အဆင်ပြေလေးတွေရလာပါမယ်။ အိမ်ထောင်ရေးမှာ လည်း အဆင်ပြေနေ ပါအုံးမယ်
ယတြာအနေဖြင့် မိခင်မှပြောသော သင့်တော်ရာ ကုသိုလ်တစ်ခုခုကိုပြု လုပ်ပါ။

ကရကဋ်လဂ်အဟော
ဝင်ငွေကောင်းနေလျှက် မှ ရုတ်တရက် ငွေဝင်ခြင်း နည်းပါးသွားတာမျိုးရှိတတ်ပါမယ်၊ ခဏတာကာလ လေးပါ၊ အကိုကြီးအတွက် စိတ်ညစ်စရာကြုံရမယ်၊
အချစ်ရေးကောင်းသလို နဲ့ နောက်ပိုင်းမှာ အဆင်မပြေဖြစ်တတ်မယ်၊ အိမ်ထောင်ဘက် ကျန်းမာရေးကို နဲနဲ သတိထားပေးပါ။ယတြာအနေဖြင့် စပါယ်ပန်းကို ဘုရားတွင်ကပ်လှူပါ။

သိဟ်လဂ်အဟော
ပြီးခဲ့သည့်ကာလအတွင်း အကျိုးပေးကောင်းခဲ့သောလည်း ယခုကာလအတွင် အမှားများ လုပ်မိတတ်သည် အထက်လူကြီး ၏ဆူပူမှုကို ခံရတတ်သည်၊ ရုတ်တရက်ဆုံးရုံးမှု တို့ကိုလည်းသတိထားပါ၊
အချစ်ရေးနှင့် အိမ်ထောင်ရေး နှစ်မျိုးစလုံးမှာ အခက်အခဲ ပြဿနာတွေကြုံရတတ်ပါသည်။ ယတြာအနေဖြင့် ဘုရားတွင် အုံးသီးစိတ် ကိုလှူဒါန်ပေးပါ

ကန်လဂ်အဟော
အလုပ်အကိုင်အခုတလော မကောင်းပဲဖြစ်နေ တတ်သည်၊ ကျန်းမာရေးအနေနှင့်ရုတ်တရက် ထိခိုက်တိုက် သည်၊ အဆုတ် အတွင်း ရေ၀င်ခြင်းမျိုးကိုလည်း သတိထားပါ  အချစ်ရေး ကကောင်းနေပါတယ် ကိုလိုချင်တဲ့ အချစ်ကိုရမဲ့ အချိန်ပါ၊ အိမ်ထောင် ရေးအဆင်ပြေချောမွေ့ပြီးကောင်းမွန်နေဆဲပါပဲ
ယတြာအနေ့ဖြင့် တရားနှင့်ပါတ်သက်သော စာအုပ်ကို မိတ်ဆွေတစ်ဦးတစ်ယောက်အားလှူဒါန်းပါ။

တူလဂ်အဟော
အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာပါမယ်၊ ကျန်းမာရေးအနေဖြင့်နှလုံး၊ ၀မ်းဗိုက်တို့နှင့်ပါတ်သက်ပြီး ထိခိုက်တတ်သည်၊  အချစ်ရေးညံ့နေဆဲဖြစ်သောကာလဖြစ်သဖြင့် အချစ်ရှာလိုသူများ အဆင်မပြေနိုင် သေးပါ အိမ်ထောင်ရေးအနေဖြင့် အဆင်ပြေမှုများကို ဆက်လက်တည်ရှိနေသောကာလဖြစ်သည်
ယတြာအနေဖြင့် ဖခင်သို့ဖခင်ကဲ့သို့သော သူကို တရားအားထုတ်နီုင်ရန်ကူညီပါ။

ဗြိစ္ဆာလဂ်အဟော်
 အလုပ်အကိုင် ပိုနေမြဲကျားနေမြဲအတိုင်းပါ၊ ၀င်ငွေပိုင်းမှာ ထိခိုက်စရာလေးတွေကြုံနေမယ်၊ ကျန်းမားရေး နှင့် ပါတ်သက်ပြီး ဆီးနှင့်ပါတ်သက်သော ရောဂါများကိုသတိပြုနေထိုင်ပါ၊
အချစ်ရေးအဆင်ပြေကံကောင်းနေဆဲပါ၊ မထင်မှတ်ပဲစိတ်ကောက်တတ်တာတော့ရှိနေမယ်၊ အိမ်ထောင်ရေးကကောင်း လာနေပါတယ်၊ သူဖက်က နားလည်မှု လေးတွေကို တွေလာရပါမယ်။
ယတြာအနေနှင့် မိခင် သို့ မိခင် ကဲ့သို့သောသူကို အချိုမုန့်များဝယ်ပေးလိုက်ပါ။

ဓနုလဂ်အဟွော
 ညီအကို မောင်နှမတွေရဲ့ အကူအညီကိုရနေတဲ့ အချိန်ပါ။ အလုပ်အကိုင်အခွင့်အလမ်းက ရှိပါတယ်၊ အေးအေးဆက်ဆက် ဖြစ်နေပေမဲ့ ဖြစ်လာပါမယ်။ ကျန်းမာရေးလဲ ပုံမှန်ပဲလို့ပြောလို့ရပါတယ်။
အချစ်ရေးကတော့ လိုချင်သလို ဖြစ်နေတဲ့ကာလလေးပါ၊ ၊ အိမ်ထောင်ရေးအနေက အဖခင်နှင့်ပါတ်သက်ပြီး ။ပြဿနာဖြစ်တတ်ပါ တယ်။
ယတြာအနေနှင့် အိမ် မှာ ဖြစ်ဖြစ် အပြင်က ဘုရားမှာဖြစ်ဖြစ် နှင်းဆီပန်းနီနီ ရဲရဲလေးတွေလှူလိုက်ပါ။

မကာရလဂ်အဟော
အခုကာလ တိုလေးထဲမှာ ငွေရေးကြေးရေး အခက်အခဲတွေ ကြုံရမယ်၊ ရန်ပြဿနာလေးတွေရှိတတ်မယ်။ နောက်ပိုင်းမှာ ငွေကြေးဝင်မှု ပုံမှန်ပြန်ဖြစ်သွားပါမယ်။
အချစ်ရေးအနေနဲ့ ကောင်းလာပါမယ်နော်၊ အိမ်ထောင်ရေးမှာလဲ အဆင်မပြေမှုကလေးတွေရှိတတ်တာ အခုဆက်ရှိနေပါမယ်၊
ယတြာအဖြစ် ဘုရားစောင်းတန်း သို့ ဘုန်းကြီးကျောင်း ကလမ်းတွေမှာ သန့်ရှင်းရေးလုပ်ပေးပါ။

ကုမ်လဂ်အဟော
လုပ်ငန်းနဲ့ပါတ်သက်ပြီး မထင်မှတ်ပဲ ပြဿနာလေးတွေ ဖြစ်တတ်ပါတယ်၊ ငွေရပေါက်တွေ ရှိနေပါတယ်၊ ခါးအောက်ပိုင်း ထိခိုက်ခွဲ စိတ်ခံရတာမျိုးတွေ ဖြစ်နိုင်ချေရှိလို့ သတိပြုနေထိုင်ပါ။
အချစ်ရေး အဆင်ပြေမှု နည်းနေပါတယ်လို့ ပြောရပါမယ်၊ အိမ်ထောင်ဖက်နှင့်ပါတ်သက်ပြီး ပြောစရာရှိတာက သူရဲ့ကျန်းမာရေးကို ဂရုစိုက်ပါလို့ပါ။
ယတြာအနေနှင့် ပြန်လည်ရန်ပြုတတ်သော သတ္တ၀ါ တစ်ကောင်ကောင်အား အစားအစာ ကြွေးဖို့ ကူညီလိုက်ပါ။

မိန်လဂ်အဟော
ပင်ပင်ပန်းပန်းနဲ့ လုပ်ကိုင်ပြီးမှ ငွေကြေး ၀င်ရမဲ့ကာလပါ၊ အရင်ကထက်စာရင် ငွေလေးတွေပြန်ဝင်လာပါမယ် ကျန်းမာရေးကောင်းနေဆဲပါ၊ အချစ်ရေး အကောင်းဖက်ကိုမလာသေးပါ။  အိမ်ထောင်ရေးမှာ အသင့် အတင့် ပြေလည်မှုလေးတွေပြန် ရနေပါပြီ၊ ကိုယ်ဖက်ကပဲ အမှားလုပ်မိတတ်တယ်
ယတြာအနေနဲ့ ဆီမီး ကို ဘုရားမှာဖြစ်ဖြစ် မိမိအိမ်မှာဖြစ်ဖြစ် ပူဇော်ပါ။


လဂ်အဟောတွေ မတင်ရသေးဘူး ဘောလုံးပွဲ ကိုက်နေလို့


ဘာတွေသိချင်သလဲ၊ ဘာတွေကိုဖေါ်ပြစေချင်သလဲ Get a CBox ထဲမှာ ရေးပေးထားပါ ဒါမှ မဟုတ်ရင် လဲ mmm603@gmail.com ကို mail ၊ Gtalk တို့နှင့်အကြံဥာဏ်လေးပေးထားပါ


လဂ၁ ရက်ဇွန်မှ ၁၅ ရက်အတွင်းအဟောလေးတွေပါ

အားလုံးလဂ်တွေအတွက် အကြမ်းပြောရရင် ဂြိုဟ်အနေအထား တွေကောင်းနေ လို့အဆင်ပြေတာတွေကို တွေ့ရတာများမယ် ၊ အရင်လတွေ ကဆိုရင် အင်္ဂါနိစ်ဆိုထာကြုံခဲ့တာရယ် ပြီးခဲ့တဲ့အချိန်တွေတုံ့းက ကြာသပတေး နိစ်ဖြစ်တာတွေရယ် ကြောင့် အခက်အခဲတွေအားလုံးနီး ပါးတွေ့ ခဲ့ကြပါတယ်။ ဒါတွေကို ကျော်လွန်ခဲ့ပါပြီ။ နက္ခတ်ဗေဒင်မှာ ယတြာမရှိဘူးလို့ပြောကြတယ် ဒါပေမဲ့ ယတြာဆိုတာ ရှိပါတယ် ၊ အခက်အခဲလျှော့ပါးအောင် ကြိုတင်ကာကွယ် ခြင်းဆိုတာမျိုးတွေ ဘုရား တရား ဘာသာရေးကို ဦးစားပေးပြီးဆောင် ရွက်တာမျိုးတွေက ယတြာတွေပါ၊
မိဿလဂ်အဟော
ငယ်ရွယ်သူများအနေဖြင့် ထူးခြားစွာ ပညာရရှိနိုင်သောကာလဖြစ်သည် ပညာဥာဏ်စွမ်းဖြင့် ငွေကြေး အထူးဝင်နိုင်သောအချိန်ဖြစ်သည် အောင်မြင်မူကိုလွယ်ကူစွာ ရရှိမည်၊ အပူလောင်ခြင်းကိုသတိထားပါ
အချစ်ရေး အဆင်ပြေစွာ ရှိနေမည် ချစ်သူကလေးရဖို့ရှိနေသည် သူချစ် ကိုယ်ချစ်ဖြစ်ပါလိမ့်မည်
အိမ်ထောင်ရေးမှာ အနည်းငယ်စိတ်ကောက်မူရှိမည် ညီငယ် ၊ ညီမငယ်တို့ ၏ အကူအညီကိုယူပါ။
ယတြာအနေနှင့် ရဟန်းသံဃာ ၊ ဆင်းရဲသား တို့ကို ထီးအနက် လှူဒါန်ပေးပါ
ပြိဿလဂ်အဟော
ကိုယ်တိုင်ကြိုးပမ်းအားထုတ်မှုကြောင့် အဆင်ပြေမှုတွေ့ကြုံရတာဖြစ် မယ်၊ စည်းစိမ်တိုးတက်မယ်၊ အလွယ်တကူငွေဝင်မယ်၊ ငွေဆုံးရုံးမှုလေးတွေ လဲကြုံရမယ် ၊ အလဟသကုန်ဆုံးတာမျိုးဖြစ်နိုင်တာ ကြောင့် ဆေးရုံဆေးခန်း လူမမာတို့အတွက်လှုဒါန်ပေးတာလေး လုပ်ထားလိုက်ရင် ပိုကောင်းသွားမယ်၊
အချစ်ရေးကောအိမ်ထောင်ရေးပါကံကောင်းပြီးအဆင်ပြေပါတယ်
ယတြာအနေဖြင့် စောစောကရေးထားတာမျိုးကိုလုပ်သင့်ပါတယ်
မေထုန်လဂ်အဟော
အလုပ်အကိုင်ကောင်းပြီးညီငယ် ညီမငယ်တို့ကိုကူညီနိုင်သော အချိန်ပါ သင်ကံသည် လူကြီးသူမတို့၏ ကူညီပေးခြင်း (သို့) အတိတ်ပေးကံအရ အိုးအိမ်မြေယာပိုင်ဆိုင်ရမည့်အချိန်ပါ
အချစ်ရေးနှင့်ပါတ်သက်ပြီးအဆင်မပြေနိုင်သေးပါ
အိမ်ထောင်ရေးမှာမှုအလွန်အဆင်ပြေပြီး ၀င်ငွေကောင်းသောကာလပါ
ယတြာအထူးပြုလုပ်ရန်မလိုသော်လည်း လူကြီးသူမများကို ငွေကြေး ထောက်ပံ့ခြင်းမျိုးကိုပြုလုပ်ပါ
ကရကဋ်လဂ်အဟော
အလုပ်အကိုင်ကောင်းငွေဝင်ကောင်းသလိုပဲ သင်ရဲ့ပြောဆိုသမျှတွေ လဲအောင်မြင်လာမဲ့ အချိန်ကောင်းလေးပါ၊ ထိခုတ်ဒါဏ်ရာ ရတတ်တာလေးတွေကိုတော့ သတိထားပါ
အချစ်ရေးကောင်းပြီး အိမ်ထောင်ကျမယ်အနေအထား ရှိနေတဲ့အခါ မို့ငယ်ရွယ်သူ ပညာရှာသူတွေက သတိထားဆင်ခြင်ပါ
အိမ်ထောင်ရေးအနေဖြင့် အဆင်မပြေအခက်အခဲ ရှိပြီး ခွဲခွာမှုများ ကြုံနိုင် သောအချိန်ပါ၊
ယတြာအနေဖြင့် ဆိပ်ငြိမ်သောနေရာသို့သွားပြီး ဘာသာရေးစာအုပ်တစ် အုပ်ကိုဖတ်ပါ။

သိဟ်လဂ်အဟော
ရှယ်ယာလုပ်ငန်းများကြောင့် တိုးတက်စေသော အချိန်ပါ အစိုးရအမှု ထမ်းများအနေဖြင့် ရာထူးတိုးတက်ခြင်းများကြုံမည် စက်၊ ဆေး၊ စစ်ဘက်တို့နှင့် အကျိုးပေးမည် ကျန်းမာရေးကိုသတိထားသင့်သည် ရုတ်တရက် လေဖြတ်ခြင်း သွေးကြောပိတ်ခြင်းမျိုးကိုကြုံတတ်မည်
အချစ်ရေးတွင်မိမိ၏မဆင်မချင်ပြောဆိုမှုကြောင့် အခက်အခဲတွေရတတ် သည် အိမ်ထောင်ရေးအနေဖြင့် ငွေကြေးဝင်နိုင်သလို ကတောက်ကဆဖြစ်ခြင်းများလည်းကြုံနိုင်သည်
ယတြာအနေဖြင့် ဘုရားတွင်နှင်းဆီပန်းကိုလှူဒါန်ပေးပါ
ကန်လဂ်အဟော
အလုပ်အကိုင်ကောင်းသလောက်ငွေကြေးဝင်မှုအပိုင်းနည်းသည် ညီငယ် ညီမငယ်တို့နှင် မတည့်ပဲဖြစ်တတ်သည်၊ ကျန်းမာရေးကိုဂရုစိုက်သင့် သောကာလ အပိုင်းအခြားဖြစ်သည်၊ အချစ်ရေး မိမိ၏ပြုမှုချက်သည် မိမိကို ပြန်ပြီးတူညီသောတုန့်ပြန်သည့်အချစ်ရေးအချိန်ပါ၊ အိမ်ထောင် ရေးအဆင်ပြေချောမွေ့ပြီးကောင်းမွန်နေပါသည်
ယတြာအနေ့ဖြင့် လူကြီးသူမများကို အားဆေးလှူဒါန်းပေးပါ
တူလဂ်အဟော
ရုတ်တရက်ငွေဝင်လာတတ်သောအချိန်ပါ မြေယာ ၊ ယာဉ်တို့နှင့်ပါတ် သက်ပြီးဆုံးရှံးမှုလည်း ဖြစ်တတ်သောအချိန်လည်းဖြစ်သဖြင့် မိမိပိုင်ဆိုင်သော မြေယာ ယာဉ်များ ကိုရောင်းချလိုလျှင် ယခုကာလသည် အသင့်တော်ဆုံးဖြစ်သည်
အချစ်ရေးညံ့သောကာလဖြစ်သဖြင့် အချစ်ရှာလိုသူများ အဆင်မပြေနိုင် သေးပါ အိမ်ထောင်ရေးအနေဖြင့် အဆင်ပြေကောင်းမွန်ပါသည်
ယတြာအနေဖြင့် ကြာသပတေးနံပန်းကိုဘုရားတွင် လှူဒါန်ပေးပါ

ဗြိစ္ဆာလဂ်အဟော
 
ငယ်ရွယ်သူလုပ်ငန်းခွင်ဝင်လိုသူများ ၀င်ရောက် ခွင့်ရရှိရျန် လွယ်ကူသော အချိန်ဖြစ်သည်၊ ကျန်းမားရေး ပြောစရာ အထူးအထွေ မရှိပါကောင်းသည်၊ ငွေကြေးဝင်လွယ်သော အချိန်ပါ၊

အချစ်ရေးအဆင်ပြေသောကာလထေးထဲမှာပါ၊ ပညာတတ်ချစ်သူဖြစ်ပါမယ်၊ အိမ်ထောင်ရေးကတော့ နဲနဲ ကသီကအောင့်နဲ့နေသွားရမဲ့အချိန်ဆိုတော့သတိထားနေထိုင်သင့်ပါတယ်၊

ယတြာအနေနှင့် ဘုန်းကြီးကျောင်းကို အချိုပွဲလှူပေးခြင်း၊ မိမိအိမ်ကဘုရားမှာ အချိုပွဲကပ်ခြင်း ကိုလုပ်ပေးပါ
ဓနုလဂ်အဟော
  မိမိအတွက် အိုးအိမ်မြေယာကို ပိုင်ဆိုင်နိုင်တဲ့ အချိန်ပါ ကိုယ်ရဲ့ အတိတ်ကံ ကောင်းနေတဲ့ အချိန်လို့ လဲပြောနိုင်ပါတယ်၊ ကျန်းမာရေးလဲ အသင့်အတင့်ကောင်းတယ် လူကြီးတွေနဲ့အတိုက်အခံဖြစ်တတ် တယ်သတိထားပြီးနေလိုက်ပါ၊

အချစ်ရေးကတော့ မိမိကိုအတင်းချစ်ခွင့်တောင်းခြင်း ခံရမည့်အချိန်ဖြစ်နေတယ် မိမိကတော့မနှစ်သက် ပါ၊ နောက်မှပဲ အချစ်ရှာပါ အဆင်မပြေနိုင်ပါဘူး၊ အိမ်ထောင်ရေးအနေနှင့် အဆင်ပြေချော့မွေ့ပြီး နေတဲ့အချိန်ပါ။

ယတြာအနေနှင့် ဝေးရပ်မြေမှ အဝေးရောက်နေသော မိတ်ဆွေသို့ ပညာရပ် နှင့်ပါတ်သက်သော ၊ အသိဥာဏ်တိုးတက် စေသော စာအုပ်ကိုလက်ဆောင်အဖြစ်ပို့ပေးလိုက်ပါ
မကာရလဂ်အဟော
ဘုန်းကံတိုးတက်မည့်ကာလဖြစ်သည် ၊ ထီပေါက်နိုင်သော အချိန်ပါ၊ ဒါပေမဲ့ စိတ်ညစ်စရာ စရာလေးတွေနဲ့ လိင်အင်္ဂါပိုင်းမှာ အနာရောဂါဖြစ်နိုင် တဲ့ကာလဖြစ်တယ်၊ သတိထားနေထိုင်ပါ၊

အချစ်ရေးအနေနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်တဲ့အတွက် အချစ်ရေးနဲ့ပါတ်သက်ရင် ရှောင်ထားတာ ပိုကောင်းမယ်နော်၊ အိမ်ထောင်ရေးမှာလဲ အဆင်မပြေမှုကလေးတွေရှိတတ်ပါတယ်၊ အဆင် ပြေတာတွေကပိုများလို့ သင့်တယ်လို့ပဲပြေရပါမယ်

ယတြာအဖြစ် ရေဒါနကို လုပ်ပေးပါလို့ တိုက်တွန်းခြင်ပါတယ်
ကုမ်လဂ်အဟော
မိမိကြိုးစားမှုကြောင့် ဘုန်းကံတက်ခြင်း ၀င်ငွေကောင်းခြင်းတွေကို ပိုင်ဆိုင်ရရှိမည့် အချိန်ကောင်းပါ ရွှေတွင်း၊ ကျောက်တွင်း၊ မြေအောက် သယံဇာတ လုပ်ငန်းများက သင့်ကိုအကျိုးပေးချိန်လေ၊ လှို့ဝှက်လုပ်ရတဲ့ လုပ်ငန်းတွေလဲပါ ပါတယ်။

အချစ်ရေး လှို့ဝှက်ချက်များနဲ့ရှိနေတယ်လို့ ပြောရပါမယ်၊ ခရီးထွက်ရင်း နဲ့ချစ်သူရတာမျိုးလဲ ဖြစ်နိုင်ပါတယ် အိမ်ထောင်ဖက်ကို ပျော်ရွှင်စေချင်တဲ့ အချိန်လို့ပြောပါမယ်။

ယတြာအနေနှင့် လမုန့်ကို ဘုရားလှူခြင်း ဘုန်းတော်ကြီးများကိုလှူဒါန်းခြင်းလုပ်ပေးပါ၊

မိန်လဂ်အဟော

လဂ်အားလုံးထဲမှာငွေဝင်တာနဲ့ထွက်တာ ထွက်တာကပိုနေတဲ့ အချိန်ပါ ကျန်းမာရေးကတော့ ဒေါင်ဒေါင် မည်တဲ့အချိန်ပါ၊ လုပ်ငန်းတွေအဆင်ပြေတယ့်လို့ပြောရပေမဲ့ ငွေကြေးကတော့ ထင်သလောက်မရ သေးဘူး ရင်းနှီးမြုတ်နှံထားတယ် လို့သဘောထားပါ၊ ကျိုးစားလုပ်ကိုင်ပါ နိုင်ငံရပ်ခြားနဲ့ တွဲပြီးလုပ်သင့် တဲ့ကာလပဲ
အချစ်ရေး အသင့်အတင့်ပဲကောင်းမှာမို့ နဲနဲတော့ ဂရုစိုက်ပါ  အိမ်ထောင်ရေးမှာ မိမိ၏အိမ်ထောင်ဖက် ကမိမိကို ကူညီဆောင်ရွက်ပေးနေတာကို အကောင်းမမြင်ဖြစ်နေတတ်တယ်၊ မိမိကိုယ်တိုင်ဆင်ခြင် သတိထားပါ၊ မိမိကပြန်ပြီးကူညီပေးနိုင်လာပါမယ်။
ယတြာအနေနဲ့ နှင်းဆီအနီရဲရဲကို ဘုရားက အင်္ဂါထောင့်မှာဖြစ်ဖြစ် မိမိအိမ်မှာဖြစ်ဖြစ်ကပ်ပါ

ဒီဇာတာတွေဟာ ဒေါက်တာတင်ဗိုလ်ဗိုလ် အတွက် ကျွန်တော်ဆွဲထားတဲ့ ဇာတာပရိုဂရမ်တွေဖြစ်ပါတယ်။ ဒီဇာတာခွင်မျိုးကို မိမိစိတ်ကြိုက် Logo မိမိစိတ်ကြိုက် စာသားများ ပြောင်းပြီး ဆွဲပေးနိုင်ပါတယ်။ အလိုရှိလျှင် ဆက်သွယ်နိုင်ပါတယ်။ အီးမေး mmm603@gmail.com မှာ ဖြစ်စေ၊ ဒေါက်တာတင်ဗိုလ်ဗိုလ် ရဲ့ ဖုန်းနံပါတ် များဖြစ်တဲ့ ၀၁-၂၂၈ ၆၆၅ ၊ ၀၁-၇၂၃၁၀၂ များကို ဆက်သွယ်နိုင်ပါတယ်။

K.P (ခရစ္စနား မူးရ်တီး)ရဲ့ ကေပီဇာတာ များလည်း အသင့်ဆွဲပြီး ပရိုဂရမ်များ ရှိပါတယ်။ အောက်မှာ K.P ဇာတာခွင်တစ် ပြထားပါတယ်။ ကျွန်တော် အနှစ်နှစ် အလလ အပင်ပန်းခံပြီး ဆွဲထားတာပါ။ ကေပီပညာကို လိုက်စားချင်တာ ဇာတာဖွဲ့ဖို့ အခက်အခဲရှိတဲ့ သူတွေ အတွက် စက္ကန့်ပိုင်းအတွင်း ဇာတာဖွဲ့နိုင်မှာ ဖြစ်လို့ အလွန် သင့်တော်ပါတယ်။

၁၂ ရာသီလဂ် အဟောလေးတွေရဖို့ကြိုးစားပေးပါမယ်

ကျွန်တော် ဒီ လို့လုပ်ဖို့ စဉ်းစားမိပေမဲ့ မလုပ်တတ်ခဲ့ပါဘူး၊ ဆရာ ဒေါက်တာ တင်ဘိုဘို က လုပ်ပေးလို့ ဖြစ်လာတာပါ၊ မြန်မာ နှင့် အရှေ့တိုင်းသုံး နိယာယန ( အနောက်တိုင်း စနစ် က သာယန စနစ် ) အယန တန်းဖိုး နုတ်ပယ်ထားတဲ့ စနစ်ကို သုံးပါမယ်၊ လဂ်တွက် နည်းကို ကြိုးစားပြီး ရေးလိုက်ပါအုံးမယ်၊ သင်ရဲ့လဂ် အဆင်အကြယ် ရခဲ့လျှင် ၊ အဟောလေးတွေရအောင် ကြိုးစားပါမယ်၊ ကျွန်တော် သိသလောက် လုပ်ပေးပါမယ်၊ သိချင်တဲ့ နက္ခတ်ဗေဒင်အကြောင်းအရာ တွေကို မေးခဲ့လျှင် သိသမျှတော့ ပြန်ပြောပြပါမယ်၊ လူအများမသိတဲ့ နက္ခတ်ဗေဒင်နဲ့ ပါတ်သက်ပြီး တော်တဲ့ ဆရာတွေရှိပါတယ်၊ နက္ခတ်ဗေဒင် ထဲမှာ အဟောအတိုင်ဖြစ်ရမယ်လို့ မပြောပြပါဘူး၊ ဖြစ်နိုင်ချေရှိတယ် လို့ပဲပြောပါတယ်၊ ကြိုးစားရင် ဘုရားဖြစ်နိုင်တယ် ဆိုတာထဲမှာ နက္ခတ်ဗေဒင် ကို သေသေချာချာ လေ့လာ တတ်သိသူတွေ ပေါက်မြောက်တဲ့ သူတွေ ယုံကြည်ထားတာပါ၊ ဒါတွေကိ သိခဲ့လျှင် နက္ခတ် ကိုလူက ပြန်ပြီးအလိုက်သတင့်နေသွားလို့ရတယ်ဆိုတာ ဖြစ်လာပါမယ်။
ကျွန်တော်ကိုယ်တိုင် တော့ အခုမှ နဲနဲလေးဘဲသိထားတယ် လို့သဘောပေါက်နေပါတယ်၊ မသိသေးတာတွေ အများကြီးရှိနေတာကို လဲပိုသိနေပါတယ်။

ဦးမောင်မောင်မြင့် ( VB 6 Programmer )
0 comments
ThoneTanPawNit.pdf ThoneTanPawNit.pdf
Size : 4008 Kb
Type : pdf

 အရှေ့တိုင်းသုံး နိယာယန စနစ် နှင့် တွက်ချက် ထားတာပါ
      ( မြန်မာနိုင်ငံ ဝေဒသုတေသနမူ )
လဂ်ကိုရှာရန် အတွက် အောက်တွင်တွက်ယူပါ
နေသောမြို့ရွာ တို့၏လောင်ဂျီတွဒ်၊ လတ္တီတွဒ် တို့ ပြောင်းတွက်ပါ၊ ( ကျွန်တော် နောက်မှ ဖေါ်ပြပေးပါမယ် ) လဂ်ကို  မြန်မာလိုပေါ်ရန် Select လုပ်ကြည့်ပါ)

Lagana and bhava calculator သင့်ရဲ့မွေးဖွားသော အချိန်နေရာဒေသ၏ လဂ်

သင့်ရဲ့မွေးရက် လ နှစ်ကို ထည့်ပါ   
လ :    ရက် :    နှစ် :  

မွေးချိန်ကို ၂၄ နာရီ စနစ်သုံးပါ  
အချိန်
စံတော်ချိန် ကွာခြားချက်
DST

Your city Longitude: : East

Your city Latitude: South

ဂျူလီယမ်ရက်ပေါင်း

အယန ( လဟီးရီး )

လဂ်

mmm.pdf mmm.pdf
Size : 24 Kb
Type : pdf
Number.rar Number.rar
Size : 4 Kb
Type : rar
free counters
HTML hit counter - Quick-counter.net

 ရာသီဖွားကို သီခြင်ရင် အောက်မှာ ဖေါ်ပြထားပေးပါတယ်။

အရှေ့တိုင်းရာသီဖွား
၁၃ ရက် ၄ လ ပိုင်းမှ ၁၃ရက် ၅လပိုင်း မိဿ
၁၄ ရက် ၅ လ ပိုင်းမှ ၁၃ရက် ၆လပိုင်း ပြိဿ
၁၄ ရက် ၆ လ ပိုင်းမှ ၁၃ရက် ၇လပိုင်း မေထုန်
၁၄ ရက် ၇ လ ပိုင်းမှ ၁၅ရက် ၈လပိုင်း ကရကဋ်
၁၆ ရက် ၈ လ ပိုင်းမှ ၁၅ရက် ၉လပိုင်း သိဟ်
၁၆ ရက် ၉ လ ပိုင်းမှ ၁၅ရက် ၁၀လပိုင်း ကန်
၁၆ ရက် ၁၀ လ ပိုင်းမှ ၁၄ရက် ၁၁လပိုင်း တူ
၁၅ ရက် ၁၁ လ ပိုင်းမှ ၁၄ရက် ၁၂လပိုင်း ဗြိစ္ဆာ
၁၅ ရက် ၁၂ လ ပိုင်းမှ ၁၃ရက် ၁လပိုင်း ဓနု
၁၄ ရက် ၁ လ ပိုင်းမှ ၁၂ရက် ၂လပိုင်း မကာရ
၁၃ ရက် ၂ လ ပိုင်းမှ ၁၂ရက် ၃လပိုင်း ကုမ်
၁၃ ရက် ၃ လ ပိုင်းမှ ၁၂ရက် ၄လပိုင်း မိန်

Make a Free Website with Yola.